Open Society Myanmar ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါက်တာဝင်းသိန်း ကွယ်လွန်သွားသည့်အတွက် Open Society Foundations မှ ဝမ်းနည်းကြေကွဲခြင်း။

Open Society Myanmar ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါက်တာဝင်းသိန်းသည် ၂၀၁၉ ခုနှစ်ဇွန်လ ၂၃ရက်တွင် အလုပ်ခရီးစဉ်အတွင် ရုတ်တရက် မမျှော်လင့်ဘဲ ကွယ်လွန်သွားပါသဖြင့် Open Society Foundations မှ များစွာဝမ်းနည်းကြေကွဲရပါသည်။
ဒေါက်တာဝင်းသိန်းသည် Open Society Myanmar Foundation တွင် တာဝန်ထမ်းဆောင်သည့် ၃ နှစ်နီးပါး အချိန်ကာလအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင်တက်ကြွစွာ ပါဝင်ခဲ့ရုံသာမက အခြားအရေးပါသော ကဏ္ဍများတွင်လည်း စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။
“ဒေါက်တာဝင်းသိန်းဟာ Open Society အဖွဲ့အစည်းထဲမှာတော့ ထူးချွန်ပြီး အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါပဲ” သူလို ထူူးချွန်ထက်မြက်ပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ လူတစ်ယောက်အနေနဲ့ ကမ္ဘာကြီးကို အများကြီးအကျိုးပြုနိုင်သေးတဲ့ အသက် ၃၄ နှစ် အရွယ်မှာ ကျွန်တော်တို့ကို ထားသွားခဲ့ပါပြီ” ဟု Open Society Foundations ဥက္ကဌဖြစ်သူ ပတ်ထရစ် ဂက်စ်ပါ့ထ်က မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံရှိ အခွင့်အလမ်းနည်းပါးသော လူ့အဖွဲ့အစည်းများအတွက် အပြုသဘောဆောင်သည့် လူမှုရေးနှင့် စီးပွားရေး ဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေးအတွက် အခြေခံလူမှုအဖွဲ့အစည်း မှစ၍ မူဝါဒပိုင်း ဆိုင်ရာအထိ အဆင့်အဆင့်တွင် စိတ်အားထက်သန်မှု ပြင်းပြစွာဖြင့်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ပြုပြင်ပြောင်းလဲမှုများအတွက် ကွန်ယက်များတည်ဆောက်ခြင်း၊ မူဝါဒစနစ်များ အားကောင်းစေခြင်းနှင့် ဒေသဆိုင်ရာလူ့အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ရာတွင်လည်း အတွေ့အကြုံများစွာရှိသူ ဖြစ်ပါသည်။
ဒေါက်တာဝင်းသိန်းသည် Open Society Myanmar တွင် တာဝန်မထမ်းဆောင်မှီ မြန်မာနိုင်ငံတွင်းရှိ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖြစ်သည့် Pact Myanmar ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
ဒေါက်တာဝင်းသိန်းသည် မြန်မာနိုင်ငံ ဆေးတက္ကသိုလ် (မကွေး) မှ ဆရာဝန်ဘွဲ့နှင့် UK ရှိ Sheffield တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေး (မဟာဘွဲ့) တို့ကို ရရှိခဲ့ပါသည်။
“ဒေါက်တာဝင်းသိန်းကွယ်လွန်သွားတာဟာ တိုင်းပြည်အတွက် တန်ဖိုးကြီးတဲ့အရာကို ဆုံးရှုံးလိုက်ရသလိုပါပဲ။ ပျော်ပျော်နေတတ်တဲ့သူ့ရဲ့ စိတ်ဓာတ်ကိုကျွန်မတို ့သတိရနေမှာဖြစ်သလိုသူစတင်ခဲ့တဲ့အရေးကြီးလုပ်ငန်းတွေ ကိုလည်းဆက်လက်လုပ်ဆောင်ခြင်းခြင့်သူ ့ကို ကျွန်မတို ့ ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်“ ဟု အာရှပစိဖိတ်ဒေသဆိုင်ရာဒါရိုက်တာ ဘင်နိုင်ဖာ နော်ဝေဂျိီး က ပြောသည်။
ဒေါက်တာဝင်းသိန်းသည် သူ၏ဘဝတစ်လျှောက်တွင် လူမှုရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပါသည်။ ထို့အတွက် သူ၏စံနမူနာပြ လုပ်ဆောင်ချက်များသည် နောက်နှစ်ပေါင်းများစွာ တိုင်အောင် တည်တံ့နေပါလိမ့်မည်ဖြစ်ပါသည်။