Skip to main content
Newsroom Press release

Open Society Foundations အနေဖြင့် မြန်မာနိုင်ငံရှိ OSM မှဝန်ထမ်းအားချက်ခြင်း ပြန်လွှတ်ပေးရန် တောင်းဆိုပါသည်။

လန်ဒန်မြို့ - Open Society Foundationsသည် OSM (Open Society Myanmar) ၏ ဘဏ္ဍာရေး မန်နေဂျာဖြစ်သူ ​ဒေါ်ဖြူပပသော်အား မြန်မာနိုင်ငံတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည့် သတင်းများနှင့် စပ်လျဉ်း၍ အထူးပင်စိုးရိမ်ပူပန်လျက်ရှိပါသည်။ သူမကိုချက်ခြင်းလွှတ်ပေးရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုလိုက်ပါသည်။ အာဏာပိုင်များအနေဖြင့် အခြားသောဝန်ထမ်းများကိုလည်း စစ်ဆေး​မေးမြန်းပြီး ဖမ်းဆီးချုပ်နှောင်ရန် ရှာဖွေလျက်ရှိကြောင်း ကျွန်ုပ်တို့အနေဖြင့် သတင်းများအရ သိရှိရပါသည်။

Open Society Foundations အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ထောက်ပံ့ပေးနေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်ပါသည်။ ထိုအလုပ်ကို ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလများကတည်းက မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆုများနှင့် သင်တန်းများကို ထောက်ပံ့ပေးခဲ့ခြင်း အစရှိသည်တို့ဖြင့်စတင်ခဲ့ပါသည်။

 ၂၀၁၇ခုနှစ် မှစတင်၍ OSM သည် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏အကျိုးအတွက် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု များကို လက်လှမ်းမှီ ရရှိနိုင်ရေး အစရှိသောကိစ္စရပ်များကို လူထုအခြေပြုအဖွဲ့များ၊ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ OSM ၏ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ချက်နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များကို ဤ public factsheet တွင် လွတ်လပ်စွာ ရယူနိုင်ပါသည်။

 OSM အနေဖြင့် မိမိပိုင်ရံပုံငွေအား မြန်မာကျပ်ငွေဖြင့် ပြည်တွင်းဘဏ်မှ ထုတ်ယူခြင်းကို တရားမဝင် ထုတ်ယူသွားခဲ့သည်ဟူသည့် စွပ်စွဲချက်အပါအဝင်၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းဖောက်ဖျက်မှု လုပ်ဆောင်သည်ဟူသော စစ်တပ်၏ထုတ်ပြန်ကြေငြာချက်များသည် မှန်ကန်ခြင်းမရှိပါ။ OSM အနေဖြင့် ဘဏ်မှထုတ်ထားသည့်ငွေအား တရားမဝင်သုံးစွဲသည်ဟုဆိုခြင်းမှာလည်း မှန်ကန်ခြင်းအလျဉ်းမရှိပေ။ ဘဏ်မှထုတ်ယူခဲ့သည့်ငွေအား OSM ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအတွက်သာ အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ စစ်တပ်မှ အာဏာ၊ မီဒီယာနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို သိမ်းယူခဲ့ပြီး ဘဏ်စနစ်များကန့်သတ်ခံရစဉ်က OSM အနေဖြင့် အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများအတွက်သာ ၎င်းတို့၏ ရံပုံငွေများကို လျင်မြန်စွာ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များအနေဖြင့် OSM၏ မည်သည့်ဘဏ်စာရင်း သို့မဟုတ် စာရင်းမှပိုက်ဆံများကို တရားဥပဒေအရ ထိန်းချုပ်ခွင့် သို့မဟုတ် သိမ်းဆည်းပိုင်ခွင့်မရှိပါ။ OSM ရုံးကို ပိတ်ထားပြီး ဆက်လက်ပိတ်ထားမည်ဖြစ်ပါသည်။

 အဆိုပါစွပ်စွဲချက်များသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေး လိုလာသူများကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိပြီး အယုံအကြည်မဲ့အောင် လုပ်ဆောင်ခြင်းသာဖြစ်ပါသည်။

 ကျွန်ုပ်တို့အနေဖြင့် စစ်တပ်အား ဒေါ်ဖြူပပသော်ကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် အခြားသော ဝန်ထမ်းများအပေါ် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များအားလုံးကို ရုပ်သိမ်းပေးပါရန် တောင်းဆိုအပ်ပါသည်။

Subscribe to updates about Open Society’s work around the world

By entering your email address and clicking “Submit,” you agree to receive updates from the Open Society Foundations about our work. To learn more about how we use and protect your personal data, please view our privacy policy.